Tuesday, February 26, 2008
Wednesday, February 20, 2008
Sasana Moli objects Burmese regime's statements on Refrendum & new election
သာသနေမာဠိ အဖၾဲႚခဵႂပ္က တပ်မတော်ေုကူငာခဵက် ၁/၂၀၀၈ိံငြ့် ၂/၂၀၀၈ ကို ကန်ႚကကြ်ေုကာင်း ထုတ်ူပန်
မိုးမခ အထောက်တော် ၀၀၂
ဖေဖော်ဝၝရီ ၂၀၊ ၂၀၀၈
Tuesday, February 19, 2008
ဘင်္ဂလားဒေ့ရှ်သို့ကြွမည့် သံဃာ့ဝန်ဆောင်အဖွဲ့ဝင်များကို ဒေသခံသံဃာအဖွဲ့က ကန့်ကွက်
ဘင်္ဂလားဒေ့ရှ်သို့ကြွမည့် သံဃာ့ဝန်ဆောင်အဖွဲ့ဝင်များကို ဒေသခံသံဃာအဖွဲ့က ကန့်ကွက် ကျော်ထင်/ ၁၉ ဖေဖော်ဝါရီ ၂၀၀၈ (ခေတ်ပြိုင်) | ||
ဘင်္ဂလားဒေ့ရှ်ရဟန်းတော်များသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာ (၁၈) ရက်မှစ၍ ပတ္တနိက္ကုဇ္ဇန ကံဆောင်ထားခဲ့ရာ စစ်အစိုးရဖွဲ့စည်းပေးထားသည့် သံဃာ့မဟာနာယကအဖွဲ့မှ ဆရာတော် များကြွရောက်လာမှုသည် သပိတ်မှောက်ကံဆောင်ခြင်းကို ပျက်ပြားစေရန် ရည်ရွယ်သည်ဟု မြန်မာရဟန်းတော်များအဖွဲ့ချုပ် (ဘင်္ဂလားဒေ့ရှ့်) အဖွဲ့၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရခိုင်ပြည်နယ်တွင် သီတင်းသုံးနေသော အဆိုပါသံဃာတော်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘင်ဒရော်ဘင် (ရွာတော်မြို့) ၌ ဗိုလ်ချုပ်ကြီးခင်ညွန့် ကမကထပြု တည်ထားခဲ့သော စေတီ အနေကဇာတင် ရေစက်ချမည့် အခမ်းအနားသို့ ယနေ့ ကြွလာမည်ဖြစ်ကြောင်း သိရသည်။ မြန်မာရဟန်းတော်များအဖွဲ့ချုပ် (ဘင်္ဂလားဒေ့ရှ်) အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် အရှင်မေဃိယက မနက်ဖြန်တွင် ပြုလုပ်မည့် အနေကဇာတင်ပွဲသို့ ကြွရောက်ရန် ရွာတော်မြို့မှ ဆရာတော် ဦးစောလှခေါ် ပညာဇောတက စစ်တွေမြို့မှ မဏိရတနာ ဆရာတော်၊ ဒက္ခိဏရာမ ဆရာတော်၊ ဓမ္မသုခ ဆရာတော်၊ ပညာလင်္ကာရ ဆရာတော်၊ မောင်းတောမြို့မှ အောင်ဗလ ဆရာတော်နှင့် ဇောတိကာရုံ ဆရာတော်တို့ကို ဖိတ်ကြားခြင်းဖြစ်ကြောင်း အရှင်မေဃိယက မိန့်ကြားသည်။ သံဃာ့ဝန်ဆောင်အဖွဲ့၏ ရပ်တည်ချက်နှင့်ပတ်သက်၍ အရှင်မေဃိယက “နအဖကို ဆန့်ကျင် တဲ့ ဘုန်းကြီးနဲ့ ထောက်ခံတဲ့ ဘုန်းကြီးတွေဟာ ကွဲပြားမှာတော့ အမှန်ပဲ။ အခုလည်း နအဖမှာ သူတို့ဖွဲ့စည်းထားတဲ့ သံဃာ့ဝန်ဆောင်အဖွဲ့ဆိုတာ အလိုတော်ရိ အဖွဲ့သာဖြစ်တယ်။ အခု စစ်တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ သံဃာ့ဆန္ဒပြမှုဆိုတာလည်း သူတို့ကို ဆန့်ကျင်သူနဲ့ ထောက်ခံသူတွေ အကြား ဖြစ်တဲ့ တိုက်ပွဲပဲဖြစ်တယ်” ဟု မိန့်ကြားသည်။ မြန်မာရဟန်းတော်များအဖွဲ့ချုပ် (ဘင်္ဂလားဒေ့ရှ်) သည် သံဃာတော်များ ဦးဆောင်သော စက်တင်ဘာ လူထုလှုပ်ရှားမှု နောက်ပိုင်းတွင် ပြည်ပတွင်ဖွဲ့စည်းခဲ့သည့် သာသနာ့ ဦးသျှောင် အဖွဲ့၏ အဖွဲ့ဝင်ဖြစ်သည်။ ။ |
Monday, February 18, 2008
Friday, February 8, 2008
သကျပုတ္တိယ (မန္တလေး) - ဗုဒ္ဓသာသနာတော်ကို ဘယ်သူ ဖျက်နေတာလဲ
ဗုဒ္ဓသာသနာတော်ကို ဘယ်သူ ဖျက်နေတာလဲ
သကျပုတ္တိယ (မန္တလေး)
ဇန်န၀ါရီ ၂၃၊ ၂၀၀၈
မြန်မာပြည်ရဲ့ စက်တင်ဘာ သံဃာ့အရေးအခင်းမှာ သံဃာငယ်တွေက တာဝန်ကျေ တယ်။ သံဃာကြီးတွေက တာဝန်မကျေဘူးဘုရားဟု မိမိနှင့်ရင်းနှီးသူ ဒကာတယောက်က လာလျောက်၏။
ထိုကဒကာမှာ မြန်မာနိုင်ငံ စက်တင်ဘာအရေးအခင်း ဖြစ်ပြီးကတည်းက မြန်မာနိုင်ငံအတွက် တက္ကသိုလ်ကြီးတွေမှာ စည်းရုံးဟောပြောနေတဲ့ ဒကာဖြစ်၏။
“ဟ … ဒကာတော် ဘာကြောင့်များလဲ”ဟု မိမိကမေးလိုက်၏။
“အရှင်ဘုရား စဉ်းစားကြည့်လေ၊ ရောက်တဲ့နေရာတော်တော်များများမှာ တပည့်တော်ကို ဒီလူတွေက ၀ိုင်းမေးကြတာ … မင်းတို့နိုင်ငံမှာ ဘုန်းကြီးအရေးအခင်းဖြစ်တာ ဘုန်းကြီးအကြီးတွေ ဘာကြောင့်မပါတာလဲ တဲ့ … တပည့်တော် တော်တော်ဖြေရှင်းရခက်တယ်။ တပည့်တော် ပြန်ဖြေတာကတော့ “ဘုန်းကြီးအကြီးတွေ လမ်းပေါ်ထွက်ပြီးသာ ဆန္ဒမပြတာ၊ သဘောတူကြတယ်။ နောက်ကနေ အကြံပေးတာ စီမံတာတွေပြုလုပ်ပေးကြတယ်” လို့ ဖြေလိုက်တယ်ဘုရား။
“ဒကာတော်ရယ် အဲဒါဦးဇင်းလည်း အမေးခံရတာပဲ။ ဘုန်းကြီး ဒေါက်တာ ဦးနာယကဆိုရင် အမေရိကန်လွှတ်တော် ကိုယ်စားလှယ်တွေကတောင် မေးတာ။ ဒီမေးခွန်းကို သူတို့နားလည်အောင်ရှင်းပြဖို့ တော်တော်ခက်တယ်။ ဒါက ဦးဇင်းတို့ရဲ့ သာသနာရေးဆိုင်ရာ ယဉ်ကျေးမှုအစဉ်အလာနဲ့ အများကြီးဆက်နွယ်နေ တယ် …”
“အဲဒါဆို အရှင်ဘုရားအမြင်ကို ရှင်းပြပါအုံးဘုရား”ဟု လျှောက်လာတော့ …
ယခင်က ဆရာတော်ကြီးများနဲ့ ရဟန်းငယ်တို့ရဲ့ နားလည်မှုရှိတဲ့ ဆက်ဆံရေး
သာသနာတော်မှာ ရဟန်းငယ်တွေက ဆရာတော်တွေကို မိဘသလို သဘောထားပြီး ဂါဝရနိဝါတတရားနဲ့ ဆရာတော်တွေက ရဟန်းငယ်တွေအပေါ်မှာ သားကဲ့သို့ မေတ္တာ ကရုဏာစိတ်နဲ့ ဆက်ဆံကြရတယ်။ အဲဒီမှာ ဆရာတော်တွေ လုပ်သင့်တဲ့ အခန်းကဏ္ဍ ဆိုတာကလဲ အဲဒီမေတ္တာကရုဏာနဲ့ နိဝါတတရားအပေါ် အခြေခံပြီး ပြုလုပ်ကြလေ့ရှိ တယ်။
ဒကာဒကာမတွေရဲ့အမြင်မှာ အမြင်မတော်ဘူးလို့ သတ်မှတ်တဲ့အချို့နေရာတွေ မှာ ရဟန်းငယ်တွေကပဲ အစဉ်အဆက်ဦးဆောင်လုပ်လေ့ရှိတယ်။ ဆရာတော်တွေက ရဟန်းငယ်တွေနဲ့တွဲပြီး မပါဝင်ပေမယ့်။ ဆရာတော်တွေမပါလို့ ဆရာတော်တွေရဲ့ ဆန္ဒနဲ့ မညီဘူးလို့ ပြောလို့မရဘူး။ လူကြီးနဲ့မသင့်လျော်တဲ့နေရာတွေမှာ ဆရာတော်တွေက နောက်ဆုတ်နေကြပါတယ်။ ဒါကို ရဟန်းငယ်တွေက အပြစ်မမြင်ကြပါဘူး။ အလိုက်တသိနဲ့ လုပ်ကြပါတယ်။
ဆရာတော်တွေနဲ့ သင့်တော်မည့်နေရာတွေမှာ ရဟန်းငယ်တွေက ဆရာတော်တွေကို ရှေ့တန်းတင်ပေးလိုက်ကြတာပါပဲ။ ဒါဟာ ဆရာနဲ့တပည့် အချင်းချင်းအပြန်အလှန် နားလည်မှုနဲ့ ဆက်ဆံကြတဲ့ သာသနာတွင်းက ဆရာတပည့် ဆက်ဆံရေးပါ။ မြန်မာပြည်သူတွေကလည်း အဲဒီလိုမျိုးကိစ္စတွေမှာ ဆရာတော်ကြီးတွေ မပါရကောင်းလားဆိုပြီး အပြစ်မတင်ကြပါဘူး။
အင်္ဂလိပ်ခေတ်က အင်္ဂလိပ်ကိုတော်လှန် တုန်းကလည်း ဒီအတိုင်းပဲလေ။ ဆရာတော် ဦးဥတ္တမတို့ ဆရာတော်ဦးဝိစာရတို့ဆိုတာ လည်း အဲဒီအချိန်က ဆရာတော်ကြီးတွေမှ မဖြစ်ကြသေးတာ။
၈၈ အရေးအခင်းတုန်း ကလည်း ဆရာတော်တွေပါတာမှ မဟုတ်ပဲ။ ဒါပေမယ့် ဆရာတော်တွေက ရဟန်းငယ်တွေရဲ့ လုပ်ရပ်ကို ထောက်ခံခဲ့ကြတာပါပဲ။
ဒီအနေအထားတွေကို ဒီနိုင်ငံ သားတွေကို ပြောပြဖို့ သိပ်ခက်တယ်။ ဒါက မြန်မာပြည်က လူတွေနဲ့ဘုန်းတော်ကြီးတွေ ဘုန်းကြီးငယ်တွေနဲ့ ဘုန်းကြီးကြီးတွေ အချင်းချင်း အစဉ်အဆက်နားလည်ခဲ့ကြတဲ့ ဆက်ဆံမှုတွေပါ။
စစ်အာဏာရှင် ဖိနှိပ်မှုအောက်က ရဟန်းတော်များ ယနေ့ အကြပ်အတည်း
ဒါပေမယ့် ယနေ့မြန်မာပြည်မှာ ဖြစ်နေတဲ့ အနေအထားကတော့ ပြောင်းသွားဖို့ ဆရာတော်တွေနဲ့ ရဟန်းငယ်တွေနဲ့ ဆက်ဆံရေးဟာ ယနေ့ခေတ်မှာ သိသိသာသာ ပြောင်းလဲသွားပြီ။
ဦးဇင်းကိုယ်တိုင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ ငါးနှစ်ကျော် ၁၉၈၂/ ၈၃ ခန့် စာသင်ဖို့ စရောက်တဲ့အချိန်ကစပြီး ကိုယ်တိုင်တွေ့ကြုံခဲ့တဲ့ ပြည်သူလူထုရဲ့ သာသနာ တော်ကို ထောက်ပံ့မှုနဲ့ သာသနာတော်ရဲ့ အခြေအနေတွေကို ဒကာတော် နားလည်အောင် ပြောပြမယ်။
ဦးဇင်းတို့ မန္တလေးရောက်ခါစ ဆွမ်းခံကြွတဲ့အခါ မနက်စောစော အပြင်ထွက်ပြီးဆွမ်းလောင်းတဲ့ ဒကာဒကာမတွေ အများကြီးပဲ၊ ရပ်ကွက် အသင်းတွေ စနေ့နေ့ တနင်္ဂနွေနေ့စသည်ဖြင့် နေ့အလိုက် လောင်းလှူကြတဲ့ ကုသိုလ် ရှင်တွေ မန္တလေးမှာ ရပ်ကွက်တိုင်းလောက်ပဲ။ ဦးဇင်းတို့ဆို အဲဒီအချိန်က ဆွမ်းခံအိမ်တောင် မရှိဘူး။ မနက်စောစော ဆွမ်းခံထွက်၊ တစ်နာရီလောက်ထွက်ပြီးရင် သပိတ်အပြည့်ပဲ။ မနက်အာရုဏ်အတွက်ရော နေ့လည်စာအတွက်ပါ ပြည့်စုံသွားပါပြီ။
ဦးစိန်လွင် ပြည်ထဲရေးဝန်ကြီးဖြစ်လာပြီး ၁၉၈၆ ခုနှစ်လောက် လူတစ်ယောက် ဆန် ၆ ပြည်ခေတ်ရောက်လာတော့ ဘုန်းကြီးတွေအတွက် ဆန်မပေးတော့ဘူး။ အဲဒီအချိန်ကစ ပြီး သံဃာတော်တွေ ဆွမ်းရှားပါးလာခဲ့တယ်။ ရပ်ကွက်ဆွမ်းလောင်းအသင်းတွေ အပြင် ထွက် ဆွမ်းလောင်းသူတွေ သိသိသာသာနည်းပါးသွားတယ်။ လူတွေစေတနာမရှိလို့ မဟုတ်ဘူး။ ဆန်ဈေးတွေကြီးလာတာ၊ ဆန်လိုသလောက် ၀ယ်မရတော့တာကြောင့် လူတွေရှားပါးသလို ဘုန်းကြီးတွေလည်း မပြည့်စုံကြတော့ဘူး။
၈၈ အရေးအခင်းပြီး တော့ ဆန်တစ်ပြည် ၂၅ ကျပ်၊ လူတွေဝယ်စားဖို့ တော်တော်ခက်သွားပြီ။ အဲဒီအချိန်က ပြည်သူတွေ သံဃာတွေ ဘယ်လောက်ဒုက္ခရောက်ခဲ့ကြသလဲ။
ဘွဲ့တဆိပ်တွေနဲ့ ပိ၊ အဖွဲ့တွေနဲ့ ဖိ
ရဟန်းတော်တွေဘက်က ပြောင်းလဲမှုကို ကြည့်ပါအုံး၊ ၈၅၊ ၈၆ မတိုင်မီထိ အဂ္ဂမဟာ ပဏ္ဍိတ ဆရာတော်ကြီးတွေ အဘိဓဇမဟာရဋ္ဌဂုရုဆရာတော်ကြီးတွေဆိုရင် လူတွေရော ရဟန်းတွေပါ သိပ်ရိုသေကြ၊ သိပ်လေးစားကြတယ်။ သံဃာတွေက ဒီဆရာတော် ဘွဲ့ရသင့်တယ်လို့ ထင်ကြေးပေးရင် ပေးတဲ့အတိုင်း ရကြတယ်။
၈၈ အရေးအခင်း ပြီးသွားတော့ စစ်အစိုးရက ဘွဲ့အမျိုးအစားပေါင်း ၁၂ မျိုးလောက်တိုးပြီး ဘွဲ့တွေပေးလိုက်တာ စာတစ်လုံးမှမချဘူးတဲ့ ဘုန်းကြီးက စာချဘွဲ့တွေရ၊ သံဃာ လေးစားမခံရတဲ့ဘုန်းကြီးက အဂ္ဂမဟာပဏ္ဍိတာဘွဲ့ရ၊ ဗေဒင်ဟော ဓါတ်ရိုက် အခါပေး တဲ့ဘုန်းကြီးက သာသနာပြုဘွဲ့တွေရနဲ့ ကြားမကောင်း မြင်မကောင်းအောင်ပါပဲ။
ဘုန်းကြီးတွေကို ဘွဲ့တွေနဲ့ပြပြီး စည်းရုံးလိုက်တာ စစ်အစိုးရကိုဆန့်ကျင်ထားတဲ့ ဘုန်းကြီးတွေလည်း စစ်အစိုးရကောင်းကြောင်းတွေပြောကြ။ ဘွဲ့ရသွားတဲ့ ဆရာတော် ကြီးတွေကဆို “ဒီအကောင်တွေ အနီးကပ်ပေါင်းကြည့်တော့ မဆိုးပါဘူးကွ” တဲ့ ဘုန်းကြီးတွေလည်း ဘွဲ့တွေပြိုင်ကြ၊ ဘွဲ့တွေအမျိုးမျိုးရအောင် နည်းမျိုးစုံနဲ့ ကြိုးစားကြနဲ့ စစ်အစိုးရရဲ့ မက်လုံးထဲ ၀င်ကုန်ကြတာပါဘဲ။
သံဃာ့အဖွဲ့အစည်းထဲဝင်မှ အခွင့်အရေး တွေရမယ် ဘွဲ့မြန်မြန်ရမယ်ဆိုလို့ သံဃာ့အဖွဲ့အစည်းထဲကို ၀င်လိုက်ကြတာ၊ နိုင်ငံတော် သံဃာ့မဟာနာယက (မဟန) အဆင့်ကနေ ရပ်ကွက်နဲ့ ကျေးရွာ၊ (ရပ်/ကျေး) သံဃနာယက အဆင့်အထိပါပဲ။
နိုင်ငံတော်သံဃနာယကအဖွဲ့မှာ (၂၅%) ထွက်ပေးရမယ်ဆိုတာ ထွက်ဖို့အလှည့်ကျတဲ့ဆရာတွေက ထွက်မပေးကြဘဲ မဲခွဲဆုံး ဖြတ်မယ်ဆိုလို့ သာသနာ့သိက္ခာမကျစေလိုတဲ့ ဆရာတော်တွေက ထွက်ပေးလိုက်ရတာ တွေ မဲခွဲလို့ထပ်အရွေးမခံရရင် နိုင်ငံတော်သြ၀ါဒါစရိယ (နိုင်/ဩ) ထဲ ပါဝင်ခွင့်မရှိဘူးဆို မှ ထွက်ပေးကြတာတွေ မကြခဏတွေ့နေရပါတယ်။
အဖွဲ့အစည်းထဲမပါတဲ့ ဘုန်းကြီး တွေ အေးအေးဆေးဆေးနေလိုတဲ့ ဘုန်းကြီးတွေက ဘယ်လောက်ပဲတော်တော် ဘယ်လောက်ပဲ သံဃာကလေးစားလေးစား အရာမ၀င်တော့ဘဲ ဘေးရောက် ကုန်ပြီလေ။
သံဃာတွေကို ကွဲအောင်ခွဲတဲ့ ပထမပြန် စာမေးပွဲများ
စစ်အစိုးရရဲ့ ကိုယ်ကျိုးကို ရှေ့တန်းတင်ပြီး သံဃအဖွဲ့အစည်းကြီးကို အသုံးချလိုက်လို့ သာသနာတော်ရဲ့ စာမေးပွဲလောကကြီး ပျက်စီးသွားတာကိုလည်း ပြောရဦးမယ်။ အရင်က ပထမပြန်စာမေးပွဲတွေကို ဗဟိုကဦးစီးပြီး တိုင်းနြဲ့ပည်နယ်တွေမှာ တစ်ချိန် တည်း တစ်ပြိုင်တည်း ကျင်းပကြတယ်။
စာသင်တိုက်ကြီးတွေက ဆရာတော်ကြီးတွေ ဦးဆောင် စာသင်သားတွေလေးစားတဲ့ စာချဆရာတော်တွေက ကြီးကြပ်ပြီး စာသင် သားတွေကလည်း ကိုယ့်ဆရာ သူ့ဆရာ မခွဲခြားဘဲ စာမေးပွဲကြီးကြပ် တဲ့ဘုန်းကြီးတွေ ကို ကိုယ့်ဆရာလိုပဲ ဂါရ၀တရားနဲ့ စာမေးပွဲတွေဖြေကြတယ်။ ကြီးကြပ်တဲ့ ဆရာတော် တွေကလဲ ကိုယ့်တပည့်လို သဘောထားပြီး မေတ္တာတရားနဲ့ ကြီးကြပ်ပေးကြတယ်။
၈၈ အရေးအခင်း နောက်ပိုင်းခေတ်ကျတော့ စစ်အစိုးရက သံဃာတော်တွေကို တနေရာထဲ စုမှာကြောက်ပြီး တိုင်းနဲ့ပြည်နယ်တွေခွဲ စာဖြေဌာနတွေခွဲ အတန်းတွေခွဲ နေ့ရက်တွေခွဲနဲ့ ပထမပြန်စာမေးပွဲတွေကို ကျင်းပခဲ့တယ်။
စာလဲမချ စာသင်သားတွေလဲ လေးစားမခံခဲရ တဲ့ အဖွဲ့အစည်းဝင်ဆရာတော်တွေက နီးစပ်ရာ ငယ်ငယ်ကြီးကြီး ဘုန်းကြီးတွေကို ခေါ်ပြီး စာမေးပွဲအခန်းစောင့်လုပ်ခိုင်းတော့ စာသင်သားတွေက မလေးမစားနဲ့ ထင်ရာ လုပ်ကြတော့တာပဲ။ အဲဒီကြီးကြပ်တဲ့ ဘုန်းကြီးတွေကိုယ်တိုင်က တချို့လဲ ကြောက်လို့ ဘာမှမပြောကြ။ တချို့လဲ မဆူရင်ပြီးရောဆိုတဲ့ စစ်အစိုးရရဲ့ ညွှန်ကြားချက်နဲ့ မသိကျိုး ကျွန်ပြုနေလိုက်ကြတာ ပထမပြန်စာမေးပွဲစံနစ်ကြီး ဗြောင်းဆန်အောင် ပျက်စီးသွား တော့တာပါပဲ။
တနှစ်ထဲမှာ အတန်း တတန်းထည်း စာမေးပွဲနှစ်ခါအောင်တဲ့သူက အောင်။ စာတလုံး မသိတဲ့သူက ပထမရလို ရနဲ့ သာသနာ့သမိုင်းမှာ တခါမှမကြားဘူးတဲ့ စည်းကမ်းပျက်မှုတွေ ဖြစ်ကုန်တော့တာပါပဲ။
ကြောက်စိတ်က ဖျက်တော့ ညီညွတ်မှုက ၀ါးအစည်း ပြေ
သံဃာ့လောကဆိုတာ ကြီးသူနဲ့ ငယ်သူ အာဏာနဲ့ ထိန်းချုပ်ထားတာ မဟုတ်ဘူး။ တဦးနဲ့တစ်ဦး ဆရာနဲ့ တပည့်ဆိုတဲ့ အပြန်အ လှန် လေးစားရတဲ့ မေတ္တာတရား ဂါရ၀တရား နိဝါတတရားတွေနဲ့ ဖွဲ့စည်းထားတာ။
အဖွဲ့အစည်းဆရာတော်တွေက စစ်အစိုးရကို ကြောက်ရတဲ့စိတ်တွေနဲ့ ကိုယ်နိုင်တဲ့ ရဟန်း ငယ်တွေအပေါ် မှန်လဲဖိ၊ မမှန်လဲဖိ၊ ရဟန်းငယ်တွေကလဲ ဆရာတွေ အပေါ် ဂါရ၀ နိဝါတတရားတွေ ခေါင်းပါးကုန်တော့ ဆရာတပည့်ဆိုတဲ့ သာသနာ့ ဆက်ဆံရေးကြီး ပျက်စီးသွားရပြီလေ။
ရဟန်းဖြစ်တာနဲ့ ရဟန်းခံတဲ့ နေ့ရက်ကိုမှတ်သား ထားရတယ် ဆိုတာ ကိုယ်ထက်ကြီးတဲ့သူနဲ့တွေ့ရင် ကိုယ်က အရိုအသေပေးဖို့၊ ငယ်တဲ သူနဲ့တွေ့ရင် အရိုအသေခံဖို အဲဒီလို အချင်းချင်းနားလည်ပေးတဲ့ ဂါရ၀တရားနဲ့ ညီညွတ်မှုကို ရှေ့ရှုပြီး မြတ်စွာဘုရားက ချမှတ်တော်မူခဲ့တာ။
အာဏာစက်ကား အထက်၊ ဓမ္မစက်ကား အောက်
သံဃာ့အဖွဲ့အစည်းကြီးက သာသနာ့လမ်းကြောင်းအတိုင်းမသွားဘဲ စစ်အစိုးရရဲ့ အသုံး ချခံအဖြစ် ရောက်ရှိသွားပြီး ရာထူးလုပွဲတွေ ဘွဲ့တောင်းပွဲတွေ ကျင်းပနေချိန်မှာ သံဃာ ငယ်တွေက ဓားစာခံဖြစ်ခဲ့ရတယ်။
သံဃာအဖွဲ့အစည်းကြီးက ဘုရားဝိနည်း ဥပဒေကို ဘေးချိတ် စစ်အစိုးရထုတ်ခိုင်းတဲ့ အမိန့်တွေ ညွှန်ကြားလွှာအတိုင်း မလိုက်နာတဲ့ ရဟန်းတော်တွေကို ရဟန်းတုတွေဆိုပြီး စစ်အစိုးရက မတရားဖမ်းဆီး နှိပ်စက်တော့ အဖွဲ့အစည်းဝင်ဆရာတော်တွေကလည်း ပါရာဇိက သိက္ခာပုဒ် ကျူးလွန်နေသူတွေကို သာသနာက ရှင်းပစ်တဲ့ပုံစံမျိုးနဲ့ ဓမ္မစက်နဲ့ မရလို့ အာဏာစက်နဲ့ သုံးရပါတယ်ဆိုပြီး အတင်းအဓမ္မ ထောက်ခံပြနေကြတယ်။
စစ်အစိုးရနဲ့ ဆန့်ကျင်ရမယ်ဆိုရင် သာသနာ ပျက်ဖို့ ဘယ်လောက်အရေးကြီးနေနေ လောကီကိစ္စတွေလို့ သက်မှတ် လိုက်ကြတယ်။ စစ်အစိုးရထုတ်ပြန်ခိုင်းတဲ့ အမိန့်တွေကျတော့ တကယ့်သာသနာပြု လုပ်ငန်းကြီးလို သဘောထားကြတယ်။
သံဃာတုများ သုတ်သင်ရေးတဲ့လား
အခု စက်တင်ဘာ သံဃာ့အရေးအခင်းကိုကြည့် ပြည်သူတွေရဲ့ ငတ်ပြတ်နေတဲ့ အခြေအနေ တိုင်းပြည်မွဲတေနေတဲ့ အခြေအနေတွေနဲ့ လူတွေရော သံဃာတွေပါ ဒုက္ခရောက်နေချိန်မှာ သံဃာငယ်တွေက ငြိမ်းအေးအောင် မေတ္တာသုတ် ရွတ်ဖတ်ကြတာကို သံဃာတုတွေပါဆိုပြီး ရိုက်နှက်၊ ဖမ်းဆီး၊ သတ်ဖြတ်၊ ထောင်ချ၊ ကျောင်းတွေဝင်စီး၊ ဘုရားဆင်းတုတွေဖျက်၊ ဘုရားစာအုပ်တွေဖျက်ဆီးနဲ့ မြင်မကောင်း ရှုမကောင်းအောင်လုပ်ပစ်လိုက်တာ အားလုံးအသိပါပဲ။
မီဒီယာတွေက တဆင့် ကမ္ဘာ့ နိုင်ငံတွေက အော်လိုက်လို့ပေါ့။ ကမ္ဘာ့နိုင်ငံတွေကသာ မသိဘူးဆိုရင် မေတ္တာသုတ် ရွတ်တဲ့သံဃာတွေအားလုံးကို ဖမ်းပြီး သတ်ပစ်လိုက်ကြမှာ။ မယုံမရှိနဲ့။ အခုတောင် သံဃာတော် ထောင်ချီ အဖမ်းခံရတယ်မဟုတ်လား။
သာသနာဖျက်ဆီးတာ လောကီကိစ္စ တဲ့
ဒီလောက် သာသနာကို ဖျက်ဆီးနေတာတောင် ဆရာတော်ကြီးတစ်ပါးက ဘုန်းကြီးတို့က လောကီကိစ္စထဲ ၀င်မပါချင်ဘူး ပြောပြီး တိုင်းပြည်ကို ကြေငြာ သေးတယ်။ လောကီရေးနဲ့ သာသနာအရေးကို ဘုရားက ဘယ်လိုသတ်မှတ်ခဲ့ပါသလဲ။ ဘုရား ဘာတွေလုပ်ခဲ့ပါသလဲ။ ဘုရားလုပ်ခဲ့တဲ့လုပ်ရပ်တွေကို ပြန်ကြည့်ပါ။
မလုပ်သင့်တာတွေ လုပ်နေတဲ့(သာကီဝင်လူမျိုး ပြုန်းတီးအောင် သတ်ဖြတ်တောမယ့်) ၀ိဋူဘလို ဘုရင်မျိုးကို ဘုရားက သာသနာ့အလုပ်မဟုတ်ဘူး ဆိုပြီး လျစ်လျူရှုမထားပါဘူး။
အမေရိကန်ဘုန်းကြီးတစ်ပါးက မြန်မာနိုင်ငံအကြောင်းပြောရင်း မြန်မာပြည်က ဘုန်းကြီး တွေက လောကီနဲ့ ကင်းကင်းနေကြတယ်ဆိုတာနဲ့ ပက်သက်ပြီး ပြောတယ် `ဘုရား လမ်းစဉ်မလိုက်ဘဲ ဘယ်သူ့လမ်းစဉ် လိုက်နေကြသလဲ`တဲ့။
ဘုရားလမ်းစဉ်လား ၊ စစ်အာဏာရှင်လမ်းစဉ်လား
အဲဒီစကားကြားတော့ စိတ်ထဲမှာ ကသိကအောင့်ဖြစ်သွားသေးတယ်။ နောက် သေသေချာချာ ပြန်စဉ်းစား ကြည့်တော့ ဘုရားက သတ္တ၀ါတွေကို မဂ်ဖိုလ်နိဗ္ဗာန်ရဖို့ တစ်ခုတည်းကြည့်တာမှ မဟုတ်တာ။ ရှင်ဘုရင်တွေ မူးမတ်တွေ စစ်သူကြီးတွေ စစ်သားတွေ ကုန်သည်တွေ လယ်သမားတွေ သူဆင်းရဲတွေ အလုပ်သမားတွေ ပညာရှုင်တွေ ပညာမဲ့တွေ စသည်ဖြင့် အားလုံးအတွက် ကြီးပွါးရာ ကြီးပွါးကြောင်းတွေကို ညွှန်ပြပေးခဲ့တာတွေ၊ အင်္ဂုလိမာလလို ကြီးမားတဲ့အပြစ်တွေ ကျူးလွန်နေတဲ့သူကို သွားရောက်တားဆီးခဲ့တာ တွေကို ပြန်လည်စဉ်းစားကြည့်ပါ။
ဘုရားရဲ့လုပ်ရပ်တွေကို မသိကျိုးကျွန်ပြု၊ ညွှန်ကြားလွှာတွေနောက်လိုက်ပြီး လောကီအရေးတွေမို့ ဒို့နဲ့ ဘာမှမဆိုင်ပါဆိုပြီး မနေ သင့်တော့ပါဘူး။ သာသနာတော်မှာရှိတဲ့ ရဟန်းတပါးကို စော်ကားလိုက်ခြင်းဟာ သာသနာတော်မှာရှိတဲ့ ရဟန်းသံဃာအားလုံနဲ့ သက်ဆိုင်တဲ့ သံဃာ့အရေး၊ သာသနာ့ အရေးပါ။
ဒါ့ကြောင့်မို့ အခုအချိန်ဟာ ဒို့နဲ့မဆိုင်ဘူးဆိုပြီး နေရမဲ့အချိန် မဟုတ်တော့ ပါဘူး။ စစ်အစိုးရကိုကြောက်တဲ့ အကြောက်တရားတေနဲ့ လောကီအရေးမို့ ၀င်မပါချင်ဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ တာဝန်မဲ့နေဖို့အချိန် မဟုတ်တော့ပါဘူး။
သမိုင်းကြောင်းကို ပြန်ကြည့်ပါ
ဒီနေရာမှာ ဒုတိယ သံဃာယနာမတင်မီက ဆရာတော်ကြီးတွေရဲ့ လုပ်ဆောင်ချက်လေးတွေကို ပြောပြရအုံးမယ်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး နှစ်ပေါင်း တစ်ရာကျော်လာတဲ့အခါ ဝေသာလီပြည်သား ၀ဇ္ဇီရဟန်းတွေက ဘုရားဝိနည်းတော်နှင့် မကိုက်ညီတဲ့လုပ်ရပ်တွေကို လုပ်လာကြတယ်။
ရဟန္တာအရှင်မြတ် အရှင်ယသမထေရ်က `နခေါ ပနေတံ ပဋိရူပံ ယွာယံ ဒသဗလဿ သာသန၀ိပတ္တိံ သုတွာ အပ္ပေါ သုက္ကော ဘဝေယျ- မြတ်စွာဘုရားသာသနာတော ပျက်စီးမဲ့အရေးကို ကြားသိရပြီး တာဝန်မဲ့နေမယ်ဆိုရင် လုံးဝ မသင့်တော်ဘူး`လို့ ဓမ္မအန္တရာယ် သာသနာ့အန္တရာယ် ကျရောက်လာပြီိဆိုတာ သိတာနဲ့ ပါဝါတိုင်းမှာရှိတဲ့ ရဟန္တာမထေရ် ခြောက်ဆယ်နှင့် အ၀န္တိဒက္ခိဏာပထတိုင်းမှာရှိတဲ့ ရဟန္တာရှစ်ဆယ့်ရှစ်ပါးတို့ကို စုရုံးကာ ရဟန္တာမထေရ် မြတ် သမ္ဘူတမထေရ် အစရှိတဲ့ အဟောဂင်္ဂတောင်မှာ စည်းဝေးထိုင်ကြတယ်။
အဲဒီက တဆင့် ရဟန္တာမထေရ်မြတ်ကြီးတွေဟာ မြို့ရွာပေါင်းများစွာ ဖြတ်သန်းပြီး သောရေယျ မြို့မှာသီတင်းသုံးတဲ့ အရှင်ရေ၀တမထေရ်နဲ့ ဝေသာလီမှာ သီတင်းသုံးတဲ့ သံဃာ့ထေရ် အရှင်သဗ္ဗကာမီရဟန္တာမထေရ်မြတ်ကြီးတို့ထံ ချဉ်းကပ်ခဲ့ကြတယ်။
သာသနာနဲ့ သံဃာဖျက်သူ ဘယ်သူတွေလဲ
သံကို သံချေးဖျက်၊ ၀ါးပင်ကို ၀ါးသီးဖျက်၊ ငှက်ပျောပင်ကို ငှက်ပျောသီးဖျက် ဆိုသလို တိုင်းပြည်ကို ဖျက်တာဟာ အုပ်ချုပ်သူအစိုးရ၊ သာသနာကိုဖျက်တာ သံဃာ့ ခေါင်းဆောင်ဆရာတော်တွေ။
မှန်တယ်လေ၊ တိုင်းပြည်ကို ပြည်သူတွေ ဖျက်လို့ မပျက် ပါဘူး။ အုပ်ချုပ်သူ အစိုးရဆိုတာ တိုင်းသူပြည်သားတွေ ညီညွတ်အောင် တိုင်းသူ ပြည်သားတွေ အဆင်ပြေအောင် လုပ်ပေးရတာ။ အစိုးရက တိုင်းသူပြည်သားတွေကို အစိတ်စိတ် အမွှာမွှာ ကွဲအောင်ခွဲနေမယ်၊ တိုင်းသူပြည်သားတွေကို ဒုက္ခရောက်အောင် လုပ်နေမယ်ဆိုရင် အဲဒီအစိုးရဟာ တိုင်းပြည်ကို ပျက်အောင် ဖျက်စီးနေတာပဲ။
ထို့အတူပဲ သာသနာ့ခေါင်းဆောင်ဆရာတော်တွေက သာသနာ့ဝန်ထမ်း ရဟန်းငယ် တွေကို မတရားညွှန်ကြားလွှာတွေနဲ့ ကွဲအောင် ခွဲနေမယ် ဒုက္ခရောက်အောင် လုပ်နေမယ်ဆိုရင် အဲဒီဆရာတော်တွေဟာ သာသနာတော်ကို ဖျက်ဆီးနေတာပဲ။
ကိုယ့်ရဲ့လက်ထက်မှာ သာသနာပျက်စီးသွားမယ်ဆိုရင် ကိုယ့်ရဲညံ့ ကိုယ့်ရဲ့ တာဝန်မဲ့မှု ဆိုတဲ့ နောင်တစိတ်မျိုး နောက်မှနောင်တရမယ်ဆိုရင်လဲ အကျိုးရှိလာမှာ မဟုတ်ပါဘူး။
ဇာတ်ပေါင်းသော်
ဒကာ - “အဲဒါဆိုရင် အရှင်ဘုရားဆိုလိုတာက သာသနာတော်ကို ဖျက်ဆီးနေတာ စစ်အစိုးရ တစ်ဦးတည်းမဟုတ်ဘူးပေါ့။”
စာရေးသူ - “ဒါပေါ့ ဒကာတော်ရ။ ဒါပေမယ့် ဆရာတော်တွေက သာသနာ့ဘက်ကနေ မာမား မတ်မတ် ရပ်တည်မယ်ဆိုရင် စစ်အစိုးရအနေနဲ့ သာသနာ တော်ကို ဖျက်စီးလို့ မရနိုင်ပါဘူး ဒကာတော်ရာ။ ”
ဒကာ - “ဒါဆို အရှင်ဘုရားတို့က နိုင်ငံတော်သံဃာ့နာယကအဖွဲ့ကို အပြုတ်တိုက်ကြ။ တပည့်တော်တို့က စစ်အစိုးရကို အပြုတ်တိုက်မယ်ဘုရား။ ”
စာရေးသူ - “မဟုတ်သေးဘူးဒကာတော်။ ပြည်ပမှာရှိတဲ့ သံဃာတော်တွေ နဲ့ ဒကာ ဒကာမ တွေရော ပြည်တွင်းမှရှိတဲ့ သံဃာတော်တွေနဲ့ ဒကာ ဒကာမတွေရော အားလုံး တစည်း တလုံးတည်း စုပေါင်းပြီး စစ်အစိုးရနဲ့ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ကို ၀ိုင်းဝန်း ဖြုတ်ချပစ်ရမှာ။"
Wednesday, February 6, 2008
Burma's Most Wanted By LESLIE HOOK
Burma's Most Wanted
By LESLIE HOOK
February 2, 2008; Page A11
Mae Sot, Thailand
'We did not reach final victory. We were defeated in the middle of our struggle," says the young Burmese monk sitting in front of me. "It will be very hard to have another demonstration."
He should know. Ashin Kovida chaired the impromptu committee that organized last year's democracy protests in
The protest leaders -- Mr. Ashin included -- fled for their lives. Exchanging his monks' robes for civilian clothes and a crucifix necklace, Mr. Ashin hid in a shack outside
When our agreed interview time passed, I worried if he'd been snagged by the Burmese spies trawling this town. An hour later, there was a soft knock on my door. When I opened it two men scuttled inside: Mr. Ashin, a skinny 24-year-old in flame-colored robes, and Kyaw Lin, a friend and interpreter. The monk looked horrified when I shook his hand, averting his gaze. It's only afterward that I realized this violated his vows to touch a woman.
Mr. Ashin had no special preparation to become a freedom fighter; if anything, he had a typical, impoverished Burmese childhood. Born in 1983 in a village near Ann, a town in the eastern state of Arakan, he joined a monastery at age 12. His parents were farmers, and they sent him, their second son, to become a monk at the nearest monastery so that he could get an education. He lived there until 2003, then moved to Nan Oo monastery in
Meanwhile, his country was falling into grave disrepair. Since the junta took power in 1962, the generals have stripped the country for their own personal gain through a combination of brutal oppression, continuing ethnic wars, and a massive standing army of more than 400,000 soldiers. Today it is difficult for most citizens to obtain basic food and clothing. Per capita GDP is around $300, in league with the world's poorest countries.
Political activism in this environment is difficult, at best. But monks in
But the way he tells it, Mr. Ashin's activism wasn't originally part of a national movement; rather, it evolved from a grass-roots level, organically. After several monks were beaten during a Sept. 5 protest in Pakokku, a city in central
"We demanded that the government apologize [for what happened in Pakokku]," Mr. Ashin explains. "If there was no apology by Sept. 18, then the monks would take to the streets. On Sept. 18 there was no response. On Sept. 19, my colleagues and I thought we needed an organization to organize the protests and keep them on the right track."
Thus the Sangha (Monks) Representative Committee -- an organization that would soon become the nexus of the demonstrations in
Mr. Ashin was elected chairman, and the committee agreed to meet every morning at 9 a.m. at the East gate of the Shwedagon Pagoda --
"The committee was there to control the demonstrations and make sure they were peaceful," he tells me. They wanted "just to help the people, and to show how much people are suffering. The monks did not have any political objectives. We want for people to have a right to fight for power . . . the monks just paved the way for them."
Unlike 1988, the monks had new tools available to help their cause. Cell phones and the Internet played a crucial role in enabling the protests, and in alerting the outside world. All of the recent arrivals I met in Mae Sot, including Mr. Ashin, said they used Gmail chat ("gtalk," they call it) to keep in touch with their friends and family inside
To avoid confrontation with the government, the organizing committee asked people not to display any signs or flags other than the "sasana," a Buddhist flag used in religious ceremonies. The committee also had a practical function: to ensure that monks, who gather alms in the morning for food, could forego that duty to walk into the city center and join the marches (some walked for hours to get there). "All classes of people joined together to prepare food," he says, adding that famous Burmese actors and models pitched in, too.
It was a grass-roots political movement from the start. Mr. Ashin says none of his colleagues were members of any political groups. No one on the committee had contact with Ms. Suu Kyi's National League for Democracy until the party asked the committee for permission to display its flag, he says.
A few days after the committee formed, representatives from the NLD and some student political groups did ask. And so the yellow phoenix -- a sign of NLD unity during 1988 -- was displayed on the streets of
For the military junta, that was a step too far. That night, the first of a series of brutal midnight raids on monasteries began.
The next morning, only seven of the 15 committee members showed up at their meeting place, Mr. Ashin says. As people came out to march, they found that the military had cordoned off the areas around Shwedagon Pagoda where they usually met. Disjointed groups began to coalesce, and Mr. Ashin said he found himself in the midst of about 300 people surrounded by walls and riot police. The police tried at first to persuade the protesters to let them "take them home" -- which the protesters understood to mean arrest -- and then began forcibly arresting protesters.
Mr. Ashin remembers that as a dark afternoon. He himself received several blows to the stomach before he scaled a wall to safety. "The monks and students started throwing stones at the security forces. There was a violent mood. [People from the committee] tried to convince people to stop and not be violent."
Across the rest of
On Sept. 27, the committee couldn't meet at all. Some people tried to continue the protests, but a massive security presence resulted in further violent clashes. That night, Mr. Ashin took off his robes and went into hiding.
The government didn't forget about him, though. State-run newspapers carried his photograph and labeled him a "fake monk." The junta's English mouthpiece, the New Light of Myanmar, accused him of being responsible for 48 cartridges of TNT found buried near a residence in
Contrary to the propaganda the regime conjures up, Mr. Ashin says he was completely unconnected to the Burmese governments-in-exile that has sprung up in
Mr. Ashin is clearly devastated by what he perceives as the "failure" and the "defeat" of the protests. But most of his disappointment is directed not at the lackluster efforts of the United Nations -- "people outside seem to forget about
"If the MPs had been actively involved, then our demonstrations could have changed something," he says. "It is a great loss for our struggle. But they were just watching and waiting." It's also evidence of how well the junta has done its cruel job that the massive street protests did not result in mass defections from the civil service or army, and saw almost no support from politicians in power.
Four months after the demonstrations
The situation on the ground in
Mr. Ashin's group, the Monks' Representative Committee, reorganized in several cities inside
Mr. Ashin says he will be relocated to the
Ms. Hook is an editorial page writer for The Wall Street Journal Asia.
Tuesday, February 5, 2008
သာသနမောဠိ ၃ လပတ် စည်းဝေး
သာသနမောဠိ အဖြဲႚခဵပြ် က ဦးဆောငိံငြ့် အမဆြောင်ဆရာတော်မဵား ၃ လပတ် စည်းဝေး
မိုးမခ အထောက်တော် ၀၀၂
ဖေဖော်ဝၝရီ ၅၊ ၂၀၀၇
ူပီးခဲ့သည့် ဖေဖော်ဝၝရီ ၃ ရက်နေႚက သာသနာ့မောဠိ အဖြဲႚခဵပြ်၏ ဦးဆောင် ဆရာတော်ုကီးမဵာိးံငြ့် အမဆြောင်ဆရာတော်မဵားတိုႚ ၃ လပတ် အစည်းအဝေး ကဵင်းပခဲ့ေုကာင်း သိရြိရသည်။ မစိုးရိမ်ဆရာတော် ဦးကောဝိဒ၊ ပီနန်ဆရာတော် ဦပညာဝံသ တိုႚ၏ ဳသ၀ၝဒလမ္းညၾန္မႁမဵားႎႀင့္အညီ ကဵင်းပုကရာတငြ် စိတ်ပၝ၀င်စားတော်မူုကသော ဆရာတော်မဵားလည်း တက်ရောက်ုကားနာုကသည်ဟု ဆိုပၝသည်။
အောက်တိုဘာလက စတင်ဖြဲႚစည်းခဲူ့ပီးနောက်ပိုင်းတငြ် ဆရာတော်ုကီးမဵား အပၝအ၀င် အမဆြောင်သံဃာတော်အသီးသီးက မိမိတိုႚ သီတင္းသုံးရာဌာနမဵားသာမက ႎိုင္ငံတကာသိုႚ ဳကၾခဵီဴပီး သာသနာ့အေရး ေဆာင္ရၾက္ခဵက္မဵား၊ အဖၾဲႚခၾဲမဵား တိုးခဵဲႚဖၾဲႚစည္းမႁမဵား၊ လူပုဂၢႂိလ္ အဖၾဲႚအစည္းမဵားသိုႚ တရားဟောေူပာ ရငြ်းလင်းမမြဵား၊ူပည်တငြ်း၊ူပည်ပိံငြ့် နယ်စပ်ဒေသရြိ အခက်အခဲမဵာိးံငြ့်ုကြံတြေႚနေရသော သံဃာတော်မဵားသိုႚ အားပေးကူညီ ဆောင်ရက်ြမမြဵာိးံငြ့် အလငြေမြဵား ၀ိုင်းဝန်းကပ်လမြမြဵားကို စနစ်တကဵူဖင့် သာသနာရေးကိင်္စမဵားတငြ် ဆောင်ရကြိုံင်ရေး စသည့် အေုကာင်းအရာမဵားကို ဆြေးြေိံးတင်ူပူခင်း အတည်ူပြူခင်ူးဖည့်စကြ် အုကူံပြူခင်းတိုႚအူပင် ရြေႚလုပ်ငန်းစဉ်မဵား ခဵမတြ်ုကူခင်းတိုႚ တညီတညတ်ြတည်ူးပြိုံင်ခဲု့ကသည်ဟုကားသိရပၝသည်။