Thursday, May 8, 2008

သာသနမောဠိအဖွဲ့ချုပ်ကို ဦးတည်ပြီး နိုင်ငံတကာ လှုပ်ရှားမှုအဖွဲ့ အာဗာ့ဇ် (Avaaz.Org) က အလှူငွေကောက် အမေရိကန်ဒေါ်လာ ၉ သိန်းကျော် လက်ခံရရှိပြီး (မိုးမခ)

သာသနမောဠိအဖွဲ့ချုပ်ကို ဦးတည်ပြီး နိုင်ငံတကာ လှုပ်ရှားမှုအဖွဲ့ အာဗာ့ဇ် (Avaaz.Org) က အလှူငွေကောက် အမေရိကန်ဒေါ်လာ ၉ သိန်းကျော် လက်ခံရရှိပြီး (မိုးမခ)

သာသနမောဠိအဖွဲ့ချုပ်ဆရာတော်များကို ဦးတည်သည့် မြန်မာပြည်လေဘေးကယ်ဆယ်ရေး ရန်ပုံငွေ လှုပ်ရှားမှုကို နိုင်ငံတကာ လှုပ်ရှားမှုအဖွဲ့ အာဗာ့ဇ် ( http://avaaz.org ) က ဆောင်ရွက်လျက်ရှိရာ ယခုအချိန်အထိ ကောက်ခံရရှိငွေ အမေရိကန်ဒေါ်လာ ၉ သိန်းကျော် ပြီဟု သိရသည်။

အဖွဲ့ချုပ် အတွင်းရေးမှူးဆရာတော် ဦးဥတ္တရက ရုပ်မြင်မှတ်တမ်းက မေတ္တာရပ်ခံရာတွင် သံဃာတော်များသည် အစဉ်အလာဖြင့် တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်သူများဖြစ်ကြောင်း၊ ယခုလည်း ပြည်တွင်းရှိ သံဃာတော်များက ကယ်ဆယ်ရေး လုပ်ငန်းများကို တတ်အားသလောက် ဆောင်ရွက်နေကြကြောင်း၊ ထို့အတွက် အကူအညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။

၎င်းအဖွဲ့သည် ၂၀၀၇ မြန်မာပြည် သံဃာ့သပိတ် အရေးတော်ပုံတွင် စစ်အစိုးရအား လက်မှတ်ထိုးကန့်ကွက်သည့် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပြီး ကောက်ခံရရှိသည့် အလှူငွေ အမေရိကန်ဒေါ်လာ ၃ သိန်း ကျော် ရရှိခဲ့သည့် အဖွဲ့ဖြစ်သည်။ ထိုငွေကို OSI – Burma Project လမ်းညွှန်မှုဖြင့် ဒီမိုကရေစီရေး ကူညီရာတွင် သုံးစွဲခဲ့သည်ဟု ဆိုသည်။

No comments: