Wednesday, January 9, 2008

သီရီလင်္ကာနိုင်ငံရောက် မြန်မာရဟန်းတော်များပြုလုပ်သောငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ပွဲကို ထောက်ခံကြောင်းကြေညာချက် (ပက) ၁/၂၀၀၈


သာသနာ့ဥသျှောင် - အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်

သီရီလင်္ကာနိုင်ငံရောက် မြန်မာရဟန်းတော်များပြုလုပ်သော

ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ပွဲကို ထောက်ခံကြောင်းကြေညာချက် (ပက) ၁/၂၀၀၈


ဇန်န၀ါရီလ (၈) ရက်၊ ၂၀၀၈


သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်သည် သီရီလင်္ကာနိုင်ငံ တွင် မြန်မာပြည်ငြိမ်းချမ်းရေး၊ လွတ်မြောက်ရေး၊ တရားမျှတရေးများအတွက် ကီလိုမီတာ ၁၀၀ ကျော် ခရီးရှည်လမ်းလျှောက်ကြွချီခဲ့ကြသော မြန်မာစာသင်သား ရဟန်းတော်များ၏ အမျိုးဘာ သာ သာသနာအတွက် ဆောင်ရွက်ချက်ကို ဘုရားဟောကြားသော ဒေသနာတော်နှင့်ကိုက်ညီ သောကြောင့် အပြည့်အ၀ ထောက်ခံကြောင်း ကြေညာလိုက်ပါသည်။


ခရီးကို ဇန်န၀ါရီလ (၄) ရက်တွင် ဂေါလ်မြို့မှ စတင်ထွက်ခွာ၍ (၁၁၆) ကီလိုမီတာ ဝေးသော ကိုလန်ဘိုမြို့သို့ ဇန်န၀ါရီလ (၈) ရက်နေ့မှာ အောင်မြင်စွာ ရောက်ရှိခဲ့ပါသည်။ ဤမျှဝေးလံ သောခရီးကို လျှောက်လှမ်းရသည်မှာ တော်ရုံစိတ်ဓာတ်နှင့် မဖြစ်နိုင်ပါ။ ဘာသာ သာသနာနှင့် မြန်မာပြည်သူ ပြည်သားများ၊ ကမ္ဘာသူ ကမ္ဘာသားများအပေါ် ထားရှိသော မြန်မာရဟန်းတော် များ၏ မေတ္တာ၊ ကရုဏာစိတ် ကြီးမားကြောင်းကိုလည်း ထင်းရှားစွာ တွေ့ရပါသည်။


မေတ္တာစိတ်ဓာတ် အကျင့်မြတ်ဖြင့် ငြိမ်းချမ်းစွာ လမ်းလျှောက်ခြင်းသည် တနည်းအားဖြင့်လည်း ထေရ၀ါဒ ဗုဒ္ဓသာသနာကို ကမ္ဘာက သိအောင် ဆောင်ရွက်ပေးနေရာ ရောက်ပါသည်။ သို့အ တွက် သီရိလင်္ကာရောက် မြန်မာရဟန်းတော်များ၏ ကြီးမားသော လုံ့လ၀ီရိယ၊ သဒ္ဓါ၊ ဆန္ဒအစ ရှိသည်များ အခြေခံ၍ စွမ်းဆောင်ခဲ့မှုများကို လေးစားပါကြောင်း ဖော်ပြအပ်ပါသည်။ ။


ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန

ဆက်သွယ်ရန်

အရှင်ဥာဏိက (510) 673-4452

အရှင်ပညာနန္ဒ (315) 732-5636

အရှင်ကုသလ (260) 580-213

No comments: