Friday, November 16, 2007

မစိုးရိမ်ဆရာတော် ဆုံးမသြ၀ါဒ

မစိုးရိမ်ဆရာတော် ဆုံးမသြ၀ါဒ

“သုခါ သံဃဿ သာမဂ္ဂီ၊ သမဂ္ဂါနံ တပေါ သုခေါ”

“သံဃဿ” - သံဃာအဖွဲ့အစည်း၏ “သာမဂ္ဂီ” - ညီညွတ်ခြင်းသည် “သုခါ” - ချမ်းသာ၏။ “သမဂ္ဂါနံ” - ညီညွတ်ကြကုန်သော သူတို့၏ “တပေါ” - တိုင်တိုင်ပင်ပင်နဲ့ကျင့်ကြံကြိုးကုတ် အားထုတ်ကြခြင်းသည် “သုခေါ” ချမ်းသာ၏။ ညီညွတ်လျှင် ချမ်းသာ၏။ ညီညွတ်တဲ့လူတွေ လုပ်တဲ့အလုပ်က ပို၍ချမ်းသာ၏။

မြတ်စွာဘုရား ဟော်ကြားတော်မူသည့်အတိုင်း သံဃာအဖွဲ့အစည်းပဲဖြစ်ဖြစ်, လူအဖွဲ့အစည်းပဲဖြစ်ဖြစ် ညီညွတ်လျှင်ချမ်းသာ၏။ ဒါကြောင့်မို့လို့ အဖွဲ့အစည်းလုပ်တဲ့ ပုဂ္ဂိုလ်အားလုံးဟာ ညီညွတ်ဖို့လိုတယ်။ ညီညွတ်အောင်ကြိုးစားကြ။

ဦကောဝိဒါဘိဝံသ (မစိုးရိမ်ဆရာတော်ဘုရားကြီး)

သာသနာ့အရေး ဒို့အရေးပေ

ဆရာရော တကာရော မလျှော့သောစိတ်တွေ
ဘယ်ရန်သူမျိုး ထိုးဖောက်ပါစေ
ဒို့မမှု ပေါင်းစုကာကွယ်မလေ
သာသနာ့အရေး ဒို့အရေးပေ။

(ဦကောဝိဒါဘိဝံသ-မစိုးရိမ်ဆရာတော်)

No comments: