Friday, November 16, 2007

Burmese in Thai in solidarity with Sasana Moli

Wat Ta Lom ကျောင်းဆရာတော်ကြီးလည်း
အပြည်ပြည်ဆိုင်ရာ သံဃာ့ဥသျှောင်အဖွဲ့ကြီး ကို ထောက်ခံကြိုဆို

30/10/2007 (http://lanka-msma.blogspot.com/2007/10/wat-ta-lom.html)

အမေရိကန်နိုင်ငံရောက် မစိုးရိမ်ဆရာတော်ဘုရားကြီး ဦးကောဝိဒါဘိဝံသနှင့် ပီနန်ဆရာတော်ဘုရားကြီး ဦးပညာဝံသတို့က ဦးဆောင်လျက် ၂၈၊ ၁၀၊ ၂၀၀၇ နေ့တွင် ဖွဲ့စည်းလိုက်သော အပြည်ပြည်ဆိုင်ရာ သံဃာ့ဥသျှောင်အဖွဲ့ကြီးကို ထိုင်းနိုင်ငံရောက် မြန်မာရဟန်းတော်များ ဦးစီးသော Overseas Myanmar Youths Patron Organization က ထောက်ခံကြိုဆိုကြောင်းနှင့် သံဃာ့ဥသျှောင် အဖွဲ့၏ သြ၀ါဒနှင့်အညီ အမျိုးဘာသာ သာသနာရေးကိစ္စများကို လည်း ဆက်လက်ဆောင်ရွက်သွားမည်ဟု အသင်းပြောရေးဆိုခွင့်ရှိသူ ဦးခေမာဝံသက ပြောကြားသည်။

၂၉၊ ၁၀၊ ၂၀၀၇ နေ့ပေးပို့သော သတင်းအရ ဘန်ကောက်မြို့ Wat Ta Lom ကျောင်းဆရာတော်ကြီးအပါအ၀င် အခြားသော ထိုင်းသံဃာတော် အချို့ကလည်း အပြည်ပြည်ဆိုင်ရာ သံဃာ့ဦးဆောင်အဖွဲ့ကြီး ကို ထောက်ခံကြိုဆိုကြောင်း မိန့်ကြားသည်ဟု သိရသည်။

No comments: